ကျောက်ဆည်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး စီမံကိန်းအဖြစ် အခြေခံတန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ကျောက်ဆည်မြို့နယ်၊ ပတ္တာကျေးရွာအုပ်စု၊ မြင်စိုင်းအနောက်ရပ် ဆင်ဖြူချပ်ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ကျောက်ဆည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ရာ၊ စားသောက်ကုန်ထုတ်လုပ်မှုများကို အခြေခံမှစ၍သင်ကြားပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန်ကြိုးစားကြရန်နှင့် သင်တန်းတွင် ထူးချွန်သူများကို လုပ်ငန်းသုံးစက်ပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်သောကြောင့် မိသားစုဝင်ငွေ တိုးပွားရေး အကျိုးရှိအောင်လုပ်ငန်းများ ထူထောင်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး  ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်းက သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းထုတ်ကုန်များကို သင်တန်းသူမခင်မာလာသန်းအား ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး သင်တန်းသူမနှင်းနုနွယ်က အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာကို ငွေကြေးအကုန်အကျခံကာ သင်ကြားပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု မွမ်းမံသင်တန်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ(၉)ရက်နေ့မှစ၍ (၁၅)ရက်နေ့အထိ ဦးစီးမှူး ဒေါ်အိကေသွယ်နှင့် အငယ်တန်းစာရေး ဒေါ်နွယ်နီအောင်တို့က စာတွေ့လက်တွေ့ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်တင်ထွေး