လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီခွဲတွင် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)အားကစားခန်းမ၌ အခမ်းအနားကျင်းပသည်။
အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ကျောင်းသား/သူများမှ ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုက သဝဏ်လွှာဖတ်ကြားသည်။
အခမ်းအနားတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းဆင့်၊ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် Grade-12 မှ မခင်ဇူလိုင်၊ Grade-11 မှ မဖြူအေးထွန်း၊ Grade-12 မှ မဝေနှင်းသက် စသည့်ကျောင်းသားကျောင်းသူ(၈)ဦးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး ဦးဇော်မင်းအောင်၊ မြို့နယ်ပညာရေးမှူးဦးကျော်သိန်းထွန်းတို့မှ ဆုများအားအသီးသီးဆုချီးမြှင့်ပေးလျက်ရှိကာ ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့်သီဆို၍ အခမ်းအနားအားရုပ်သိမ်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)