မိုးကောင်းမြို့ Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုးကောင်း ဒီဇင်ဘာ ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဒီဇင်ဘာ(၇)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က အဖွင့်မိတ်ဆက်စကားပြောကြားပြီး ပညာရေးဌာနမှ ဒေါ်နန်းမြမြမိုးက လွတ်လပ်ရေးအစအမျိုးသားနေ့က ခေါင်းစဉ်ဖြင့်ဟောပြောသည်။

အခမ်းအနားသို့ Grade-10 မှ ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးတက်ရောက်ပြီး ခင်းကျင်း ပြသထားသည့် သုတစာအုပ်စာစောင်နှင့် (၁၀၃)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ် နံရံကပ်စာစောင်တို့အား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)