မိုင်းခုတ် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၆ရက်နေ့ ညနေ(၂:၃၀)နာရီက မိုင်းခုတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သီတာအေးက ၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ အမျိုးသားရေးစိတ်ဓာတ်မွေးမြူနိုင်ရေးနှင့် အမျိုးသားအောင်ပွဲနေ့တွင် ကျင်းပပြုလုပ်သည့် အခမ်းအနားအကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်နှင့်ကဗျာများ၊ အခြားအသိပညာပေးစာအုပ်များဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေးကာ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သက်ငယ်မုဒိမ်းကင်းစင်ရေး ကြိုတင်ကာကွယ်အသိပညာပေးနှင့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)