လားရှိုးမြို့တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြန်/ဆက်ဝန်ထမ်းများအတွက် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အသုံးအဆောင်ပစ္စည်းများပေးအပ်

လားရှိုး ဒီဇင်ဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ရောက်ရှိနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများအတွက် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်သည်။

အသုံးအဆောင်ပစ္စည်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဒုပြည်နယ်တပ်ဖွဲ့ခွဲမှူး ဦးသိန်းစိုးနိုင်နှင့် အဖွဲ့ဝင်များက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများကို ပေးအပ်ခဲ့ကြသည်။

ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများသည် လားရှိုးမြို့တွင်ရောက်ရှိနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၄) ယောက်အတွက် စောင်၊ ခြင်ထောင်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)