မိုးနဲ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမနေရာ၌ ယမန်နေ့နံနက် ၇နာရီခွဲအချိန်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားမစတင်မီ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းကို သီဆိုပေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်မှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပေးခဲ့သည်။ ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ဆုရ ကျောင်းသား/သူလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသား/သူလေးများက ရှမ်းရိုးရာ သီချင်းများ မြန်မာ့ကျောင်းသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ကျောင်းသား/သူများ စုပေါင်းအင်အား တစ်ရာ့ငါးဆယ်ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)