မိုင်းပန်မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မိုင်းပန် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြို့မ၊ ချယ်ရီခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအထက်တန်း ကျောင်းသား/သူလေးများက ဇာတိမာန်  သီချင်းသီဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်ပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)