လွိုင်လင် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသိန်းထွဋ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ မဟာသရေစည်သူ သီရိသုဓမ္မ မင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပေးခဲ့သည်။
ယင်းနောက်တာဝန်ရှိသူများမှ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲတွင် ဆုရကျောင်းသား/ သူများအား ဆုများချီးမြင့်ပေးခဲ့ကာ ကျောင်းသား/သူလေးများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုပေးခဲ့ကြောင်းသိရသည်။
အယ်မင်း(လွိုင်လင်)