ဖားကန့် ဒီဇင်ဘာ ၈
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၇)ရက် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်း ဥတုရတနာခန်းမ၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ဖတ်ကြားသည်။
ဆက်လက်၍ ဒီဇင်ဘာလ (၆)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့အကြို ဖားကန့်မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်မှ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်