ဟားခါးမြို့၌ ( ၁၀၃ ) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ဟားခါး ဒီဇင်ဘာ ၈

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၁၀၃) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပသည်။

အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်း သီဆိုဖျော်ဖြေ ကြပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအာင်လှိုင်ထံမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဟားခါးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်က ဖတ်ကြားသည်။

ယင်းနောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမရရှိသည့် မဟုန်းလောလိုင်း၊ ဒုတိယရရှိသည့် မရိုစီဗဲန်ထဆုန်၊ တတိယရရှိသည့် မတွန်ဒုဆုန်တို့အား ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမရရှိသည့် မောင်ထွန်းနိုင်၊ ဒုတိယရရှိ သည့် မငွန်ရွှေတီာလ်၊ တတိယရရှိသည့် မငွန်ထလှေတို့အား ဟားခါးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမရရှိသည့် မခိုင်ဇာဆုန်၊ ဒုတိယရရှိသည့် မမန်ချင်းတီာလ်၊ တတိယရရှိသည့် မမာရ်စီတွန်ဇီး တို့အား ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမရရှိသည့် မမေသံလွင်ဇော်၊ ဒုတိယရရှိသည့် မမေရဲမ် ဒေါသ့်လှေအီယန်း၊ တတိယရရှိသည့် မအေလီဇဘက်တို့အား ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦး ကလည်းကောင်း ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေကြကာ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား ရုပ်သိမ်းသည်။

အဆိုပါအခမ်းအနားသို့ ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် “သတင်းစကား” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )