ညောင်ဦး ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ၂၀၂၃ ခုနှစ် ၁၀၃ နှစ် မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပခြင်းကို အခြေခံပညာအထက်တန်း ကျောင်း(ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့ ကြောင်းသိရသည်။
၁၀၃ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် အခြေခံပညာအထက် တန်းကျောင်း(မြို့မ) ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်က ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားသည်။ ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ ညောင်ဦးခရိုင် ပညာရေးမှူး ဦးခင်မောင်သန့်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့် တို့မှဆုရကျောင်းသားကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ကာ အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့်သီဆို၍ အခမ်းအနားအောင်မြင်စွာပြီး မြောက်ခဲ့သည်။
၁၀၃ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာနမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း