ကျွန်းစု ဒီဇင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား/မ ရေးရာ Gender နှင့် ကျား/မ ရေးရာ အခြေပြု အကြမ်းဖက်မှု (GBV) အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က Gender အခြေခံသဘောတရားများနှင့် အဓိပ္ပာယ်၊ ကျား/မ ရေးရာ စံနှုန်းများ၊ အခွင့်အလမ်း မတူညီမှု၊ လုပ်ပိုင်ခွင့်အာဏာနှင့် လူမှုရေးအရခွဲခြားသတ်မှတ်သည့် ကျား/မ ရေးရာ စံနှုန်းများအပေါ် အခြေခံ၍ တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒကို ဆန့်ကျင်လျက် ထိခိုက်နစ်နာစေရန်အတွက် ကျူးလွန်သည့် အပြုအမူများကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ အမျိုးမျိုးမှ တားဆီး ကာကွယ်ပေးရန်နှင့် စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုး က Gender၊ ကျား/မ ရေးရာအခြေပြုအကြမ်းဖက်မှု (GBV)နှင့် ပတ်သက်သည့် ဟောပြောချက်များအား ကျောင်းသား၊ ကျောင်းသူများနှင့် အမေး၊ အဖြေကဏ္ဍများ ပြုလုပ်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာများကို ဖြန့်ဝေပေးခြင်းနှင့် အချိုရည်ဘူးများ ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ကြကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ၁၆ ရက်တာ သတ်မှတ်ထားကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)