နမ့်စန်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲကျင်းပ

နမ့်စန်() ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၁၀) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် () ရပ်ကွက်ရှိ အ.ထ.က (နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က (နမ့်စန်) မှ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော (၁၀) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တင်ကျော်ဝင်းက ဖတ်ကြားခဲ့သည်။

ထို့နောက် (၁၀) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သောကျောင်းသားကျောင်းသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ ခရိုင်ပညာရေးမှူး ဒေါ်နန်းခမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်တို့က ဆုငွေနှင့်ဂုဏ်ပြု လက်ဆောင် များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အ.ထ.က (နမ့်စန်)မှ ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသီချင်း သီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

(၁၀) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်ကျော်ဝင်းနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား (၃၀၀) ဦးခန့်တက်ရောက် ခဲ့ကြောင်းသိရသည်။

သူရအောင် (နမ့်စန်)