မိုင်းရှူး၌ အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

မိုင်းရှူး ဒီဇင်ဘာ ၇

၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက် ၉နာရီက မိုင်းရှူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း ခရေဆောင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများကဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို မိုင်းရှူးခရိုင်ပညာရေးမှူးဦးအေးဝင်းက ဖတ်ကြားပြီး ၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများကို ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)