ပုသိမ်ကြီး ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊၂၀၂၃-ခုနှစ်၊ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က-ပုသိမ်ကြီး၊ အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲ အခမ်းအနား ကို အ.ထ.က ပုသိမ်ကြီး၊ ကျောင်းသားကျောင်းသူများမှ ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက ဖတ်ကြားခဲ့ပြီးနောက်၊ မြို့နယ်အဆင့် စာစီစာကုံးကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ထို့နောက် အထက-ပုသိမ်ကြီး ကျောင်းသားကျောင်းသူလေးများမှ မြန်မာကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)