ရန်ကုန် ဒီဇင်ဘာ ၇
အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ၂ဝ၂၃ ခုနှစ်၊ (၁ဝ၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို အ.ထ.က(၂) လမ်းမတော် အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ယနေ့ နံနက် (၈)နာရီတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသက်နောင်ဖြူမှ ဖတ်ကြားသည်။ ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်း (၁၅၀)တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်