လောင်းလုံး ဒီဇင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က လောင်းလုံးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနား မစတင်မှီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာကို လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ဖတ်ကြားသည်။
ဆက်လက်၍ အ.ထ.က၊ လောင်းလုံးကျောင်းမှ ကျောင်းသား/သူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အမျိုးသားအောင်ပွဲနေ့အကြောင်းဖြစ်ပေါ်လာပုံကို အလယ်တန်းကျောင်းသူတစ်ဦးမှ ဟောပြောပေးခဲ့သည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ဇာန်တိမန်သီချင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကျော်လွင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးအဖွဲ့းများတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)