ကြည့်မြင်တိုင်မြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကြည့်မြင်တိုင် ဒီဇင်ဘာ ၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀း၀၀) အချိန်က (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကြည့်မြင်တိုင်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းက အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံအကြောင်း၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်နှင့် ဆောင်ပုဒ်များ အမျိုးသားနေ့ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့သည်။ ဆက်လက်ပြီး  အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)