တပ်ကုန်းမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ပြိုင်ပွဲများ ကျင်းပ

တပ်ကုန်း ဒီဇင်ဘာ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ပန်းချီ၊ ကဗျာရွတ်၊ စာစီစာကုံးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများတွင် လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြား​ပြီးနောက် ပန်းချီ၊ ကဗျာရွတ်၊ စာစီစာကုံးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင်  ဆရာစံရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသား စုစုပေါင်း (၆၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)၊ အဖွဲ့ဝင် ဦးမျိုးမြင့် (မျိုးမြင့်-မြန်မာစာ)နှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။ 

အဆိုပါပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် သုတရသစာအုပ်များ ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်သူများက လေ့လာကြည်ရှုကြကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)