တပ်ကုန်း ဒီဇင်ဘာ ၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာ မျိုးမြင့် (မျိုးမြင့်-မြန်မာစာ) က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် ပတ်သက်သည့်အကြောင်း အရာများအား ကျောင်သား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ဆရာစံရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး၊ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ စာရေးဆရာ မျိုးမြင့် (မျိုးမြင့်-မြန်မာစာ) က ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)