(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

မှော်ဘီ ဒီဇင်ဘာ ၇

(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အား ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိလေ့လာမှတ်သားနိုင်ရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့ကြာင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၁၀၃) နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နှုတ်ချက်များနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ (ဖဆပလ) အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံ၌ ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်တို့အပြင် ဆောင်းပါး၊ ကဗျာ၊ ဆောင်ပုဒ်၊ အချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများ ပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အစောင်ရေ (၁၀၀၀၀၀) ကိုအခမဲ့ ထုတ်ဝေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝင်းဇော်(ပြန်/ဆက်)