ပုဗ္ဗသီရိ ဒီဇင်ဘာ ၇
ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု ပင်လောင်းလမ်းမကြီးတောင်ဘက် ကွင်းအမှတ်(၁၆၂၃-က)၌ ဆောင်းသီးနှံစိုက်ပျိုးထားရှိမှုနှင့်ပတ်သက်၍ တောင်သူများနှင့် ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံခဲ့သည်။
အခမ်းအနားသို့ ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ ဇေယျာသီရိခရိုင် ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်၊ ဇေယျာသီရိခရိုင် ရေအရင်းမြစ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးလှိူင်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ ပုဗ္ဗသီရိမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်သန်း၊ ပုဗ္ဗသီရိမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထက်အောင်ကျော်၊ ပုဗ္ဗသီရိမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးတင့်မော်၊ ဘဲကုန်းအုပ်စု၊ အေးမြင့်သာယာအုပ်စု၊ ရွာတော်အုပ်စုတို့မှ တောင်သူများ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံများ စိုက်ပျိူးထားရှိမှုအခြေအနေအား တွေ့ဆုံမေးမြန်းခြင်း၊ တောင်သူများ စိုက်ပျိူးထားရှိသည့်သီးနှံများ ရေလုံလောက်စွာရရှိရေး၊ ကြံဖိုကျေးရွာအနီးရှိ ဆင်သေချောင်းမှစတင်၍ ရေမြောင်းတူးဖော်ရေးလုပ်ငန်းစီမံကိန်းအား ချပြရှင်းလင်းခြင်း၊ ရေမြောင်းတူးဖော်ပြီးပါက တောင်သူများအား ရေတင်မော်တာစက်အသေးစားများကို တစ်ဦးလျှင် တစ်လုံးစီ အခမဲ့ထုတ်ပေးသွားမည်ကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)