ရွှေပြည်သာမြို့နယ် အမှတ် (၁၀) ရပ်ကွက်တွင် အသက် (၈၅) နှစ် နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် သွားရောက်ပေးအပ်

ရွှေပြည်သာ ဒီဇင်ဘာ ၇

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက အသက် (၈၅) နှစ် အထက်သက်ကြီး ဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များကဘိုးဘွားများ လက်ဝယ်အရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်သည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် အဖွဲ့ဝင်များက ရွှေပြည်သာမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ဒုတိယ (၃) လပတ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့်ဘိုးဘွား

(၉၁၄) ဦးအတွက် စုစုပေါင်းငွေကျပ် (၂၇၄၂၀၀၀၀) ကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

အေးမိုး(ပြန်/ဆက်)