ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်

ကျောက်တန်း ဒီဇင်ဘာ ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ နယ်မြေခရိုင် (၄)ခုရှိ မြို့နယ် (၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်စက်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဥ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်ပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် ယနေ့(၆.၁၂.၂၀၂၃)ရက်နေ့ (၁၀)နာရီအချိန်မှ (၁၅)နာရီအချိန်အထိ ရွှေမှော်ဝန်း သာသနာ့ဗိမာန်တွင် ကျင်းပခဲ့ရာ ကျောက်တန်းမြို့နယ်မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊  သက်ဆိုင်ရာပါတီများနှင့် မဲဆန္ဒရှင်ပြည်သူတို့မှ စုစုပေါင်း (၄၉၄)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရှင်းလင်းပြသ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မြို့နယ် (ပြန်/ဆက်)