ပူတာအို ဒီဇင်ဘာ ၆
ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှအခမဲ့ထုတ် ဝေသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဒီဇင်ဘာ (၅) ရက် နံနက် (၈) နာရီခွဲက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ဖြန့်ဝေ သည်။
သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၃-ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည် ချက်များ၊ပညာရေးမျှော်မှန်းချက်၊၂၀၂၂-ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကဗျာဆရာ ဘိုမျိုး (ရွှေဘို) ၏”အမျိုးသားနေ့ မမေ့အပ်ရာ”ကဗျာ၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူ သတင်းဆောင်းပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၇.၁၁.၂၀၂၃ရက်နေ့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်း အနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၁.၁.၁၉၄၆ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီ အက်ဉပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၏အမည်စာရင်း များနှင့်အမျိုးသားနေ့နှင့် သက်ဆိုင်သည့်ဆောင်ပုဒ်များပါရှိသည့် သတင်းစကားလက်ကမ်းစာစောင်စုစုပေါင်း (၂၀၀) စောင်ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာနှင့်ဝန်ထမ်းများက ကျောင်းသားကျောင်းသူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)