မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

မန္တလေး ဒီဇင်ဘာ ၆

ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးချစ်စိတ်ရှိသော လူငယ်များဖြစ်ပေါ်လာစေရန်နှင့် အမျိုးသားရေးစိတ်ဓါတ်ခိုင်မာရင့်သန်‌ရန်စေရည်ရွယ်၍ မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ (၁) နာရီတွင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်နှင့် အမျိုးသားရေးစိတ်ဓါတ်အမွေ ဆက်လက်ခံယူ ထိန်းသိမ်း ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ-မ-က မူလွန်(၂၀)ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ်က လူငယ်နှင့်မျိုးချစ်စိတ်ဓါတ် ခေါင်းစဉ်ဖြင့် အသီးသီးဟောပြောဆွေးနွေးပြီး "မမေ့အပ်သော အမျိုးသားနေ့" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ကျောင်းသူ (၁၁)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသူများကို(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး အသိပညာပေးနံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲကို ဆက်လက်ပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)