တောင်ဥက္ကလာပ ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများဗဟုသုတရရှိစေရန်အတွက် သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၃)နှစ်မြောက် အမျိုသားအောင်ပွဲနေ့အထိမ်းအမှတ်၊ နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့၊ ၂၀၂၃ ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ အမျိုးသားနေ့မမေ့အပ်ရာ၊ အေးအတူပူအမျှ၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦးနှင့် အမျိုးသားရေးတာဝန် စသည့်ခေါင်းစဥ်တို့ဖြင့် ပါရှိသောအချက်များနှင့် မှတ်တမ်းဓာတ်ပုံများပါရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)