(၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အ.လ.က (အုန်းပင်ချောင်း)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

တွံတေး ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ဝက်ချောင်းကျေးရွာအုပ်စု၊ အုန်းပင်ချောင်းကျေးရွာ၊ အခြေခံပညာအလက်တန်းကျောင်း(အုန်းပင်ချောင်း)ရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ၎င်းတို့သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာအသုံးချတတ်ပြီး မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်အတွက်ရည်ရွယ်၍ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊  မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အ.လ.က(အုန်းပင်ချောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။     

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ဝက်ချောင်းကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးကလူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနကျန်းမာရေးဆရာမဒေါ်နေခြည်သွေးက ပျိုရွယ်သူကျန်းမာရေးအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူဝင်းက စာပေဖတ်ရှုရခြင်း၏အကျိုးကျေးဇူးအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး အ.လ.က(အုန်းပင်ချောင်း)မှ အလယ်တန်းပြဆရာမ ဒေါ်နော်မဥ္ဇူသိန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ပြသထားသော လူငယ်ရေးရာဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

တွံတေးသား