တကောင်း ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာ ပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရေး၊ နိုင်ငံတော်ကို အကျိုးဖြစ်ထွန်းစေသည့် ပညာပြည့်ဝသော လူငယ်၊ လူရွယ်များဖြစ်ပေါ်လာစေရန်နှင့် အသိပညာ ဗဟုသုတ ရစေသည့် သိမှတ်ဖွယ်ရာများအား အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)