ကျိုင်းတုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်‌ရွေးချယ်ရေးပြိုင်ပွဲ ကျင်းပလျက်ရှိ

ကျိုင်းတုံ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ် (အ‌ရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာ ၅ ရက်မှ စတင်၍ ဒီဇင်ဘာ ၈ ရက်အထိ ကျင်းပဖြေဆိုလျက်ရှိကြောင်းသိရသည်။

ထို့သို့ယှဉ်ပြိုင်ရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာဘာသာရပ်များ ရေးဖြေစစ်ဆေးခြင်း၊ အထွေထွေဗဟုသုတ လူတွေ့နှုတ်ဖြေခြင်း၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်း များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-9၊ Grade-10၊ Grade-11၊ Grade-12 ကျောင်းသား၊ ကျောင်းသူ ၇၂ ဦး ဖြေဆိုယှဉ်ပြိုင်လျက်ရှိပြီး အောင်မြင်သူများသည် ခရိုင်အဆင့်သို့ ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)