မိုင်းခုတ်မြို့၊အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြော​ပွဲကျင်းပ

မိုင်းခုတ် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နေ့လယ် ၁၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် အထက်တန်းပြဆရာမဒေါ်လှမြတ်ထွေးမှ အမျိုးသားနေ့အဓိပ္ပာယ်၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံကြောင်း ဟောပြော​ပြီးနောက် အလယ်တန်းပြဒေါ်စိမ်းမြမြမျိုးမှ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များအကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူမှုအကြောင်းများကို ဟောပြောခဲ့ကြောင်းသိရပါသည်။

သီတာအေး(ပြန်/ဆက်)