မက်မန်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အား အခမဲ့ဖြန့်ဝေ

မက်မန်း ဒီဇင်ဘာ ၆

ဒီဇင်ဘာ(၆)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဤဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်အား ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ လေ့လာဖတ်ရှု့နိုင်ရေးအတွက် အခမဲ့ဖြန့်ဝေခြင်းကို  ယနေ့ မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစောင်တွင် (၁၀၃)နှစ်မြောက် အမျိုးသားရေးဦးတည်ချက်များ၊ သပိတ်မှောက် ကျောင်းသားကြီး (၁၁)ဦး၏ အမည်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတောဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၇-၁၁-၂၀၂၂)ရက်နေ့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်အမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း (၂၀-၁-၁၉၄၆)ရက်နေ့၊ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်၊ ဆောင်းပါးများကို ဗဟုသုတရဖွယ်ဖြစ်အောင် ရေးသား၍ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)