ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ကူးမဲ၊ ပုလိပ်မြို့နယ်ခွဲများတွင်  စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

ကျောက်ဆည်  ဒီဇင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှိအသင်းမှ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသောပြည်သူ များ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီများကို ဆီအရောင်းဆိုင်များ၊ ရပ်ကွက်/ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများတွင် ရောင်းချပေးလျက်ရှိကြောင်းသိရှိရပြီး ယနေ့နံနက်ပိုင်းက Ayeyar Hin Thar Trading Co,Ltd၊ Willmar Myanmar EdibelOil Co,Ltd   စသည်တို့မှ ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများကို ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

စားသုံးဆီရောင်းချခြင်းရာတွင် ပလိပ်မြို့၊ ပုလိပ်-တံတားဦးကားလမ်း၊ ဈေးသစ်ရပ် ငွေပင်လယ် ဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာ၊ မြစ်သားမြို့ ဒေါ်ဇာဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာ၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးအရှေ့ဘက် ကြံတိုင်းအောင် ဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာ၊ မြို့မဈေး အပြင်ဘက် တိုက်တန်း ယံယံ ဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာ၊ ကူမဲမြို့ ဈေးတောင်ဘက်တိုက်တန်း နယူးဖန်စီ ဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာတို့ကို (၁)ပိဿာလျင်ငွေကျပ်(၅၄၂၆)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် ယမန်နေ့က ကူမဲမြို့ အေးသာယာရပ်ကွက်  ရှယ်လီဌေး ဆီအရောင်းဆိုင်မှ(၄၄၀)ပိဿ၊ အမှတ်(၅)ရပ်ကွက် အောင်ကမ္ဘာ စားသုံးဆီဆိုင်မှ (၃၃၀)ပိဿာ၊  ကူမဲဈေးမြောက်ဘက်တိုက်တန်း ငွေကလပ် ဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာ၊ ဈေးတောင်ဘက်တိုက်တန်း နယူဖန်စီ ဆီအရောင်းဆိုင်မှ (၃၃၀) ပိဿာ၊  ဖိုးကံကောင်း ဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာ၊ ရတနာဌေးသစ္စာ ဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာ၊ ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာတွင် ဝင်းရတနာ ဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာ၊ ကျောက်ဆည်မြို့ ဈေးတန်းရပ် ဂျူးဂျူး ဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာ၊ မြို့မဈေး အပြင်ဘက်တိုက်တန်း ယံယံဆီအရောင်းဆိုင်မှ(၃၃၀)ပိဿာ၊ နေလသုခ ဆီအရောင်းဆိုင်မှ (၅၅၀)ပိဿာ၊  အေးမြကြလင်ဈေးအရှေ့ဘက်ကျော် ဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာ၊ အမေထွား ဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာ၊  ကြံတိုင်းအောင် ဆီအရောင်းဆိုင်မှ (၃၃၀) ပိဿာ၊ အေးမြကြည်လင်ဈေး၊ပွဲရုံတန်း နေလသုခ ဆီအရောင်းဆိုင်မှ (၅၅၀)ပိဿာ၊ အေးမြကြည်လင်ဈေး အေးချမ်းသူ ဆီဆိုင်မှ (၄၄၀) ပိဿာ၊  စဉ့်ကိုင်မြို့ ရန်ကုန်-မန္တလေးကားလမ်းဘေး တရုပ်စုရပ်ကွက် အောင်စိုးမိုး ကုန်စုံနှင့်ဆီအရောင်းဆိုင်မှ (၄၄)ပိဿာ၊ ရန်ကုန်-မန္တလေးကားလမ်းဘေး အုန်းပင်ခြံလမ်းဆုံ ဒေါ်လာဆီအရောင်းဆိုင်မှ (၄၄၀) ပိဿာ၊ ပလိပ်မြို့ ဈေးသစ်ရပ်ကွက် စစ်မှန် ဆီဆိုင်မှ(၄၄၀)ပိဿာ၊  ပုလိပ်ဈေး တိုက်တန်းရှေ့ ကျော်ကျော်မင်း ဆီအရောင်းဆိုင်မှ (၄၄၀)ပိဿာ၊ ပလိပ်-တံတားဦးကားလမ်း ဈေးသစ်ရပ် ငွေပင်လယ် ဆီအရောင်းဆိုင်မှ (၃၃၀)ပိဿာတို့အား (၁)ပိဿာလျှင် ငွေကျပ်(၅၄၂၆)ကျပ်ဖြင့် အသီးသီး ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)