မန္တလေး ဒီဇင်ဘာ ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်မည့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းအဖြစ် “အခြေခံစက်ချုပ်နည်းပညာသင်တန်း"ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မန္တလေး၊ အောင်မြေသာစံခရိုင်၊ပုသိမ်ကြီးမြို့နယ် နန္ဒာ(မြောက်)ကျေးရွာရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးနေမျိုးအောင်က အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်မိုးက အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းအား စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီထံ ပေးအပ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ သင်တန်းသူများက သင်တန်းတက်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကြပြီး တစ်ဦးချင်းမိတ်ဆက်ပေးကြကာ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးကြသည်။ ထို့နောက် သင်တန်းကို စတင်ပို့ချပေးကြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးနေမျိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများ၊ သင်တန်းနည်းပြများ နှင့်သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းသို့ နန္ဒာကျေးရွာမှ သင်တန်းသူ အမျိုးသမီး(၁၅) ဦး တက်ရာက်ကြကာ သင်တန်းကာလမှာ (၃၂) ရက်ဖြစ်ပြီး မွမ်းမံစက်ချုပ်သင်တန်းကိုလည်း ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၃_၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)