မိတ္ထီလာ ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဖလန်ကန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများနှင့် ငွေစာရင်းထိန်းသိမ်းနည်းလုပ်ငန်းများအား ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဖလန်ကန်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ငွေစာရင်းထိန်းသိမ်းနည်း ပုံစံများ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှုရှိမရှိ၊ စာရင်းဇယားများ ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဖလန်ကန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းရန်ပုံငွေသိန်း ၃၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၂ ဦးအား ငွေကျပ် ၂၆၈.၅ သိန်းနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၈၄ ဦးအား ငွေကျပ် ၂၄၂ သိန်းတို့ကို ထုတ်ချေးထားရှိပြီးဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)