မိုင်းနောင် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီအချိန်က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် သမိုင်းအကြောင်းအရာများ၊၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များ၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူနိုင်ရေးနှင့် အသိပညာဗဟုသုတများကို သိရှိနိုင်စေရန် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လက်ကမ်းစာစောင်ပါ ပညာရေးမျှော်မှန်းချက်တစ်ခုဖြစ်သည့် အသိပညာအတတ်ပညာ ပြည့်စုံသော ပညာတတ်များပေါများရေးဆိုသော အချက်ကိုလည်းအကောင်း အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)