ခိုလမ် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ဟိုင်းလိုက်ကျေးရွာအုပ်စုတွင် ယနေနံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ပါသည်။
ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးဇော်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ မိုးစပါးစံကွက်စိုက်ခင်း(ကွင်းအမှတ်(၁၇၅)၊ ဦးပိုင်အမှတ်(၃) တောင်သူ ဒေါ်နန်းရင် လုပ်ကိုင်ခွင့်ရရှိထားသော လယ်မြေ (၆•၉၅)ဧကအား ဧည့်မထ(အထွက်ကောင်း) မိုးစပါးကောင်းကိုယ်စားပြု မျိုးစပါးစိုက်ခင်းအား ရိတ်သိမ်းရာတွင် တစ်ဧက အစိုတင်း(၁၂၀•၂၅)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)