ကာလိ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ဖြန့်ဝေပေးခြင်းဖြစ်ရာ လက်ကမ်းစာစောင်တွင် ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွှတ်စို့၊ ပညာရေးမျှော်မှန်းချက်၊ အမျိုးသားနေ့ မမေ့အပ်ရာ၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူ၊ အမျိုးသားရေးတာဝန်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဖာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး အမည် စသည့်အချက်များပါဝင်ကြောင်း သိရသည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများ လေ့လာဖတ်ရှု့နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ ပြန်/ဆက်)