မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယောင်း ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာ လျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က တာကြန့်ကျေးရွာ၊ ဝမ်လွတ်ကျေးရွာနှင့် ယမ်းပုန်းကျေးရွာတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဝင်းခိုင် ဦးဆောင်သော ဒေသအတွင်းမီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စများ မဖြစ်ပေါ်စေရေး ကွင်းဆင်းစိစစ်ရေးအဖွဲ့က တာကြန့်ကျေးရွာတွင်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး ဦးဆောင်သည့်အဖွဲ့က ဝမ်လွတ်ကျေးရွာတွင်လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးပိုင် ဦးဆောင်သည့်အဖွဲ့က ယမ်းပုန်းကျေးရွာ၌လည်းကောင်း ဒေသတွင်းတောင်ယာ၊ တောတောင်များတွင် တောမီးရှို့ခြင်းများမပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ ငါးရှော့တိုက်ခြင်းများမပြုလုပ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးတားလမ်းကိုလည်းအကျယ် ၁၆ ပေခန့် ပြုလုပ်ထားရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ဟောပြောခဲ့ကြကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)