ရန်ကုန် ဒီဇင်ဘာ ၆
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာရေးဒီဂရီကောလိပ်(ပထမနှစ်)နှင့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၁၀/၂၀၂၃) ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကောလိပ်ပညာနေခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က ဆရာ၊ ဆရာမများ၏ ခံယူရမည့် ခံယူချက်နည်းနာများကို အမှာစကားပြောကြားပေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်သူများက မြတ်ဆရာသီချင်း၊ ထောင်ရောင်နေနှစ်ပါးသွားအက၊ ချင်းရိုးရာအက၊ ပညာပန်းတို့လန်းရာမြေ၊ ပြည်ထောင်စုအင်အားသီချင်းတို့ဖြင့် သီဆိုကပြဖြေဖျော်ခဲ့ကြပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းများကို ပညာရေးဒီဂရီကောလိပ်(ပထမနှစ်)၌ ၁၁၄ ဦး၊ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာ သင်တန်း၌ ၄၀ ဦးနှင့် ယခုပညာသင်နှစ်အတွက် စုစုပေါင်း အတန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူ ၅၁၉ ဦးတို့က တက်ရောက်ပညာသင်ကြားကြမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)