ကျောက်တလုံးကြီးမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကျောက်တလုံးကြီး ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ အခမဲ့ဖြန့်ဝေပေးသည်။

အဆိုပါ လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေပြီး စာစောင်အတွင်း (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ အမျိုးသားနေ့အကြောင်း သိမှတ်ဖွယ်ရာဆောင်းပါးများနှင့် ကဗျာများပါဝင်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏နေ့ထူးနေ့မြတ်များအကြောင်းကို ပြည်သူများပိုမိုသိရှိနိုင်ရန်နှင့် အသိပညာများတိုးပွားလာစေရန် သတင်းစကားလက်ကမ်းစာစောင်များအား ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း