ဘုတ်ပြင်း ဒီဇင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက် ခဲ့သည်။
စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးကြည်ဦးက “လူငယ်နှင့်အောင်မြင်ခြင်း” ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးပြီး Book Club အဖွဲ့ဝင် ဒေါ်နွယ်နီဦးက “အလှအပနှင့်ဝင့်ကြွားခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ဆုမြတ်မွန်က “အသုံးကျခြင်းနှင့်နှလုံးလှခြင်း” ခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်နန္ဒာထွန်းက “မှားမှာကိုမကြောက်ပါနဲ့” ခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်မြင့်မိုရ်ဦးက “တာဝန်-လိပ်ပြာသန့်မှု” ခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ပရိသတ်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့၏အတွေး အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)