မိုင်းပန်မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲနှင့်စာအုပ်ပြပွဲ ဆောင်ရွက်

မိုင်းပန် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အိရွှေစင်လတ်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားနေ့ သမိုင်းအကြောင်းအရာ အကျဉ်းချုပ်ကို ကျောင်းသား/သူများ သိရှိနိုင်စေရန် ဟောပြောပွဲဆောင်ရွက်ခဲ့ပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့သည်။ ထို့နောက် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာအုပ်ပြပွဲ ဆက်လက်ခင်းကျင်းပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ပြီး ပုံပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)