အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

လွိုင်လင် ဒီဇင်ဘာ ၆

၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း စာသင်ခန်းတွင် ပြုလုပ်ပါသည်။

ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ကျောင်းအုပ်ဆရာကြီး ဦးဇင်မင်းထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးမှူးမှ “တိုင်းရင်းဆေးပညာသိကောင်းစရာများ”ကို အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ခရိုင်ဦးစီးမှူးဒေါ်သိန်းသန်းဌေးက“အမျိူးသားအောင်ပွဲနေ့ဆိုင်ရာသိကောင်းစရာများနှင့် ဇွဲလုံ့လနှင့်အောင်မြင်မှုဘဝခရီး” ခေါင်းစဉ်များဖြင့် ဟောပြောပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ အလားတူ ယနေ့နံနက်ပိုင်းကလည်း ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ခရိုင်ပြန်/ဆက်