မောက်မယ် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃−၂၀၂၄ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ပထမနေ့ကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)တွင် စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်သန်းသန်းနွယ်က လူရည်ချွန်ကျောင်းသား/ကျောင်းသူများ ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်တို့နှင့်အညီ တာဝန်ရှိသူကော်မတီအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ပေးပြီး အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ(မြို့နယ်အဆင့်)ကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းနှင့် လူတွေ့နုတ်ဖြေစစ်ဆေးခြင်းတို့ကို ဒီဇင်ဘာလ (၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ(မြို့နယ်အဆင့်)ကို ကျောင်းသား/ကျောင်းသူများ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)