မိုင်းဖြတ်မြို့နယ် ဈေးတန်းပရိယတ္တိစာသင်တိုက်၌ စာအောင်လက်မှတ်များ ဆက်ကပ်ချီးမြှင့်

မိုင်းဖြတ် ဒီဇင်ဘာလ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပရိယတ္တိစာပြန်ပွဲတော်ကို ဒီဇင်ဘာလ ၁ရက်နေ့က စတင်ကျင်းပခဲ့ရာ သံဃာတော်အရှင်သူမြတ်တို့အား စာအောင်လက်မှတ်များ ဆက်ကပ်ချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၅ရက်နေ့ မွန်းလွဲ ၁နာရီက ဈေးတန်းပရိယတ္ထိစာသင်တိုက်၌ စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဈေးတန်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် (မဟာသဒ္ဒမ္မဇောတိကဓဇ) ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဓမ္မပါလထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် (မဟာသဒ္ဒမ္မဇောတိကဓဇ) ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဓမ္မပါလက အငယ်တန်းအောင် သံဃာ၃ပါးနှင့် အလတ်တန်း သံဃာ၁၀ပါးတို့အား စာအောင်လက်မှတ်များကို ဆက်ကပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ပင့်သံဃာအရှင်သူမြတ်တို့အား အလှူရှင်များက နဝကမ္မအလှူငွေများနှင့် လှူဖွယ်ဝတ္ထုအစရှိသည်တို့ကို ကုသိုလ်ပြုလောင်းလှူခဲ့ကြကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ ဈေးတန်းပရိယတ္တိစာသင်တိုက်တွင် စာပြန်ပွဲတော်ကို ၁၉၇၆ခုနှစ်မှစတင်၍ ပထမအကြိမ် စီစဉ်ကျင်းပခဲ့ပြီး ၂၀၂၃ခုနှစ်တွင် (၄၇)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)