ထန်းတပင်မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြပြုဗဟိုဌာနခန်းမ(Community Centre)တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နှင့်ပတ်သက်၍ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောသည်။

ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်၊ အသိပညာဗဟုသုတများ ပိုမိုသိရှိစေရန်နှင့် အမျိုးသားအောင်ပွဲနေ့အကြောင်းအရာများကို သိရှိနားလည်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဟောပြောပွဲသို့တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူများက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပြသထားသည့် နံရံကပ်စာစောင်ကိုကြည့်ရှုလေ့လာခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)