တိုက်ကြီး ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ ယာဥ်လမ်းအန္တရာယ်ကင်းရှင်းရေးကိုရည်ရွယ်လျက် ယာဥ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဂျိုးဖြူစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။
ယာဥ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲတွင် မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဒုတိယတပ်ခွဲမှူး ဒေါ်သီတာလွင်၊ တိုက်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူးဦးဇော်ထွန်း၊ ဒုတိယတပ်ဖွဲ့မှူးဦးကိုကိုဦးနှင့် ခရိုင်ကြက်ခြေနီကော်မတီဝင်ဦးသန်းဇော်မိုးတို့က သင်္ကေတနှင့် ညွှန်းဆိုချက်များ၊ ယာဥ်ကိုရပ်ရန်အချိန်ယူရခြင်း၊အန္တရာယ်ကင်းစွာ လမ်းဖြတ်ကူးခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ ထိုင်ခုံခါးပတ်ပတ်ခြင်းစသည့် ယာဥ်လမ်းအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်သော အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးဟောပြောသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော Grade-9၊ Grade-10၊ Grade-11 ကျောင်းသား ကျောင်းသူများက ဟာဥ်လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးလက်တွေ့သရုပ်ပြခြင်းတွင် စိတ်ပါဝင်စားစွာပါဝင်ခဲ့ပြီး ယာဥ်လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် ( ပြန် / ဆက် )