တိုက်ကြီးမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်  ဟောပြောပွဲကျင်းပ

တိုက်ကြီး ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီခွဲက အမှတ်(၁၂)အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မျိုးဆွေက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းကလျာခိုင်နှင့် လက်ထောက်မူလတန်းပြဆရာမ ဒေါ်နန်းနှင်းလပြည့်ဝန်းတို့က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်း အကျယ်တဝင့် ဆွေးနွေးသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲတို့ကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ ဆက်)