မိုးညှင်း ဒီဇင်ဘာ ၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၄၄) ကြိမ်မြောက် ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မ ပါလစာမေးပွဲကို မြို့နယ်သာသနာရေးဦးစီးဌာနမှကြီးမှူး၍ ဒီဇင်ဘာ (၄)ရက်မှ (၇)ရက်အထိ မွန်းလွဲ(၁၂)နာရီခွဲမှ စတင်ကာ ဉတ္တရာရာမကျောင်းတိုက်၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ (၄၄)ကြိမ်မြောက် ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မပါလစာမေးပွဲ ဖြေဆိုကြရာတွင် မြို့နယ် သံဃာ့နာယက ဆရာတော်ကြီးနှင့် ဩဝါဒါစရိယ ဆရာတော်ကြီးများက ကြီးကြပ်၍ မြို့နယ် သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပံ့ပိုးကူညီဆောင်ရွက်မှုဖြင့် စာဖြေသံဃာတော် (၁၈၁)ပါးရှိသည့်အနက် ယနေ့ဖြေဆိုကြရာတွင် အကြီးတန်းတွင် နှစ်ပါး၊ အလတ်တန်းတွင် (၁၆)ပါး၊ အငယ်တန်းတွင် (၂၆)ပါးနှင့် မူလတန်းတွင် (၁၂၅)ပါး စုစုပေါင်း စာဖြေသံဃာတော် (၁၆၉)ပါးဖြစ်ပြီး၊ ပျက်ကွက်တွင် (၁၂)ပါးရှိကြောင်းနှင့် စာမေးပွဲဖြေဆိုနေစဉ် အတွင်း အလှူရှင်များမှလည်း အချိုရည်ဗူးများဖြင့် ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း မြို့နယ် သာသနာရေးဦးစီးဌာနမှ သိရသည်။
ရွှေမိုးညှင်း